Tunyadanar Private High School
About Us Hero

ABOUT TUN YADANAR

ထွန်းရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပညာရေးဝန်ကြီးဌာန၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားဝင်ဖွင့်လှစ်ခွင့် လိုင်စင်/မှတ်ပုံတင်အမှတ် (ကကယ-၁၀/၀၄၂၃၂) ဖြင့် အရည်အသွေးမြင့် ပညာရေးကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ပညာရေးခရီးကို အောက်ပါအတိုင်း ဂုဏ်ယူစွာဖြင့် ဖြတ်သန်းခဲ့ပါသည်။

Tun Yadanar Private High School operates in strict compliance with the private school laws and regulations set forth by the Ministry of Education, holding the registration and operating license number ကကယ-၁၀/၀၄၂၃၂. Our journey of providing quality education and nurturing new generations is marked by the following milestones:

2019–2020 Academic Year

၂၀၁၉-၂၀၂၀ ပညာသင်နှစ်

Commenced our educational journey with the initial authorization as an upper secondary private school.

ကိုယ်ပိုင်အထက်တန်းအဆင့် (အထက်တန်းသီးသန့်) သင်ကျောင်းအဖြစ် စတင်အခြေတည်ခွင့် ရရှိခဲ့ပြီး ပညာရေးဝန်ဆောင်မှုများကို စတင်ခဲ့ပါသည်။

2022–2023 Academic Year

၂၀၂၂-၂၀၂၃ ပညာသင်နှစ်

Successfully expanded and officially established as a comprehensive private high school (Campus-1).

အရည်အသွေးပြည့်ဝသော ပညာရေးစနစ်များဖြင့် ထွန်းရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း (Campus-1) အဖြစ် အောင်မြင်စွာ တိုးချဲ့တည်ထောင်နိုင်ခဲ့ပါသည်။

2025–2026 Academic Year

၂၀၂၅-၂၀၂၆ ပညာသင်နှစ်

Driven by continuous growth and community support, we proudly expanded our footprint by establishing Campus-2 in Pyi Gyi Tagon Township.

ကျောင်းသားများနှင့် မိဘများ၏ ယုံကြည်အားပေးမှု၊ ရပ်ရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်ကြီးတံခွန်မြို့နယ်တွင် Campus-2 ကျောင်းခွဲကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။

Our Mission

Our mission is to cultivate critical thinking over rote memorization through expert educators, a balanced curriculum, and a nurturing environment.

ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်မှာ အလွတ်ကျက်မှတ်ခြင်းထက် အတွေးအခေါ်ကို ဦးစားပေးသော သင်ကြားရေးစနစ်ဖြင့် အရည်အချင်းပြည့်ဝသော ပညာရေးကို ပံ့ပိုးပေးပြီး၊ ကျောင်းသားတိုင်းကို မိသားစုကဲ့သို့ စောင့်ရှောက်ရန် ဖြစ်ပါသည်။

Our Vision

Our vision is to empower the next generation with a world-class, holistic education that fosters innovation, critical thinking, and strong ethical values.

ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ နိုင်ငံတကာအဆင့်မီ ဘက်စုံပညာရေးကို အခြေခံ၍ တီထွင်ဖန်တီးနိုင်စွမ်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်သော မျိုးဆက်သစ်များကို မွေးထုတ်ပေးရန် ဖြစ်ပါသည်။

ထွန်းရတနာ၏ ခရီးစဉ်နှင့် ပညာရေးအမြော်အမြင်

Founder portrait

20+

Years of Excellence

ဦးဆန်းထွန်းဦး

Founder & Principal

ထွန်းရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း၏ တည်ထောင်သူဖြစ်သူ ဦးဆန်းထွန်းဦးသည် ပညာရေးနယ်ပယ်တွင် နှစ်ပေါင်း (၂၀) ကျော် တိုင်တိုင် ကျောင်းသား၊ ကျောင်းသူများအတွက် ခိုင်မာပြီး ထိရောက်သော ပညာရေးစနစ်တစ်ခုကို စဉ်ဆက်မပြတ် ဖော်ဆောင်ပေးခဲ့သည့် အတွေ့အကြုံရင့် ပညာရှင်တစ်ဦး ဖြစ်ပါသည်။

၂၀၀၃ ခုနှစ်တွင် ပညာရေးစင်တာအဖြစ် စတင်ခြေချခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် ခေတ်မီအရည်အသွေးမြင့် ကိုယ်ပိုင်အထက်တန်းကျောင်းအဖြစ်သို့ အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့ကာ ယနေ့အထိ ကျောင်းသားထောင်ပေါင်းများစွာ၏ အနာဂတ်လမ်းပြကြယ်အဖြစ် ရပ်တည်ပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့ကျောင်း၏ အဓိက ရည်မှန်းချက်မှာ ခိုင်မာသော သင်ရိုးညွှန်းတမ်း၊ ခေတ်မီသင်ကြားရေး ထောက်ကူပြုပစ္စည်းများနှင့် အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများဖြင့် မြန်မာ့လူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးရန် ဖြစ်ပါသည်။

စာပေပညာရပ်ဆိုင်ရာ ထူးချွန်မှုသာမက ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ လူမှုဆက်ဆံရေးနှင့် ခေါင်းဆောင်မှုစွမ်းရည် (Leadership Skills) ပါ ပြည့်စုံကွဲပြားစေရန် အထူးဦးစားပေး လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိပါသည်။

ထွန်းရတနာသည် မိဘများအတွက် သင့်တင့်မျှတသော ကုန်ကျစရိတ်ဖြင့် အဆင့်အတန်းမြင့်မားသည့် ပညာရေးကို ရရှိစေကာ “သားသမီးတိုင်း ထွန်းလင်းတောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်စေရမည်” ဟူသော ကတိကဝတ်အတိုင်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေပါသည်။

Over 20 Years of Shaping Bright Futures

Driven by a passion for transformative education, our founder, U San Tun Oo, has dedicated over 20 years to mastering and building a comprehensive educational ecosystem for young minds. What began as an inspiring education center in 2003 evolved into a premier Private High School in 2019. Over the past two decades, his proven educational framework has empowered thousands of students to unlock their highest potential.

We believe in holistic development. Therefore, our academy combines a strong academic curriculum with state-of-the-art facilities, while actively fostering leadership, discipline, and strong social values in our students.

Tun Yadanar Private High School remains steadfast in delivering premium education at reasonable fees—making a brighter, successful future achievable for every child.